ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Tuesday, December 25, 2012

အဝေးရောက်မှာတမ်း


အနေဝေးပြီမို့--------
ဖုန်းကလေးတွေနဲ့ အလွမ်းဖြေ ။
ချစ်တဲ့သူရေ------
နေလို့မ ကောင်းရဲ့လား ။

တနယ်မြေ တရေခြားးမှာ
အစားအသောက်တွေလဲ သတိထားနော် ။

ခေါင်းလျှော်ရင်ပြောင်အောင်သုတ်
အလုပ်တွေက ပင်ပန်းလားကွယ်။

မိုးမိရင်သတိထား ၊
အအေးမိလို့ ဖျားမယ်နော် ။

နေပူပူ အပြင်ထွက်ရင်လဲ
ထီးတစ်လက်တော့ ယူသွားကွယ်၊


ငွေနှင်းရည် သွန်းကာဖြန်းတဲ့
ဆောင်းညချမ်းမှာ တစ်ယောက်ထဲ
ချစ်သဲငယ် အိပ်လို့ပျော်ပါစ
အနွေးစကို ထပ်ထပ်ခြုံ
ချစ်သူတုန်လို့ ချမ်းနေမယ် ။

အိပ်စက်မရတဲ့ ညတွေမှာ
ညဉ့်နက်အောင်စာတွေဖတ်
အိပ်ေ၇းပျက်လဲ မခံနဲ့ကွယ် ။

ချစ်တဲ့သူရယ်----------
တနယ်မြေ တရေခြားပေမဲ့
တကယ်ပင်အနားမှာရှိသလို
နှုတ်ခွန်းချို ဆိုစကားတွေနဲ့
နှလုံးသားကို ရိက္ခာဖြည့်
အပြင်မှာ---

တွေ့နေရသလို ကြေနပ်တယ် ။

No comments:

Post a Comment