ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Sunday, May 5, 2013

စိတ်နှစ်ခုရဲ့ လက်ထပ်ပွဲ

စိတ်နှစ်ခုရဲ့ လက်ထပ်ပွဲ

နာရီမီးနစ်  သက္ကရာဇ်တွေ
ရင့်ကြွေပျက်သုဉ်း  တစ်နှစ်ဆုံးလဲ
ရွှင်ပြုံးညီညာ ချစ်ဂေဟာနန်း
မတက်လှမ်းနိုင် ။

ဘ၀အိပ်ပေါက် ကောက်သမျှလဲ
ကာလရှည်ကြာ ပြည့်မလာတော့
အလွမ်းတစ်ရက် ၀မ်းတစ်ဖက်နှင့်
အနေခက်ရုံ  ကြေကွဲရုံပေါ့ ။

ဒါပေမဲ့လဲ ၀မ်းမနည်းနဲ့
 မောင့်ချစ်သဲရယ် ။

ယှဉ်တွဲနှစ်မွှာ မနေသာလဲ
အသဲခြင်းအပ် 
စိတ်ခြင်းဟပ်လျှက်
မောင်တို့ လက်ထပ်ထားကြမယ် ။













ရှာပုံတော်..အချစ်ရူး

ရှာပုံတော်..အချစ်ရူး
--------------------------------

ရှာပုံတော်..အချစ်ရူး


အွန်လိုင်းလဲ သူမတက်
ဖုန်းဆက်လဲ သူမကိုင်
ဆိုင်ကလေးဘက်လဲ သူမလှမ်း
တိုက်ခန်းမှာလဲ သူမရှိ
ရှာမိသူ အတွေ့ခက်အောင်လို့
အငွေ့အသက်တောင် သူမချန် ။

ဒါဆို..................
အယူခံ အ၀င်ခက်ပြီပဲ
ရင်နှစ်မွှာ ကွဲကြေပြတ်ပါလို့
ခွဲရက်တဲ့ ကြမ္မာဆိုးကိုပဲ
အငြိုးထားလို့ မုန်းတော့တယ် ။

Tuesday, December 25, 2012

မင်းမရှိတဲ့ ကမ္ဘာ

ချစ်သူရေxxx
မင်းကိုမတွေ့လို့ --တဲ့
ကမ္ဘာကြီးကိုအလင်းပေးဖို့
နေမင်းကြီးက ငြင်းနေတယ် ။

ချစ်သူရေxxx
မင်းမရှိလို့ ..တဲ့
ညခင်းလေးတွေ အမှောင်ဖုံး
လမင်းကြီးလဲ ပုန်းနေတယ် ။

ချစ်သူရေxxx
မင်းမလာလို့ ...တဲ့
ငှက်ကလေးတွေလဲ တေးမသီ
လေပြည်တွေလဲ မပက်ဖျန်း
ပန်းကလေးတွေလဲ မလန်းနိုင်
မှိုင်တွေကာ သောကအတွေးတွေနဲ့
မင်းပြန်လာမဲ့ လမ်းကလေးကို
အားလုံးငေးလို့ မျှော်နေရဲ့ ။