ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Wednesday, August 15, 2012

မျက်ရည်စွန်းတဲ့ နှလုံးသား

ဝေးရပြီဆိုကတည်းက
နှလုံးသားကို ကျဉ်စက်ထိသလို
ပင့်သက်ရှူရင်ဖိုလှိုက်လို့
ခေါင်းထဲမှာ---------
မိုက်ကနဲတောင်ဖြစ်သွားးတယ် ။

ဒါပေမဲ့ ချစ်သူရယ်
ကိုယ့်အပူ မင်းမသိအောင်
ပြုံးဟန်ဆောင်အပျော်ရုပ်နဲ့
နှုတ်ဆက်ပါ့မယ် ။

လိုက်သွားပါတော့ ချစ်သူရယ်
သမင်လည်ပြန် အကြည့်တွေနဲ့
ရင်မချိအောင် မလုပ်နဲ့ကွယ် ။

အပြင်မှာ ဘယ်လိုဝေးပေမဲ့
အတွေးမှာ ပယ်မဖြောက်နိုင်တော့
တောက်ကနဲ ကြွေ မျက်ရည်စတွေပဲ
အသဲနှလုံးမှာစွန်းထင်ရစ်တော့တယ်
ပစ်သွားပါတော့ ။





No comments:

Post a Comment