ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Tuesday, December 25, 2012

အနိစ္စကို တောင်တခြင်း


တစ်ခါတစ်ခါ…..
ကံကြမ္မာကို မျက်လှည့်ပြ
လောကကြီးကို ညက်ညက်ထောင်း
အလိုမကျတဲ့မျက်စောင်းတွေနဲ့
ဘ၀ကို---
မောင်းထွက်သွားချင်တယ် ။

လက်တွေ့မှာတော့
 ဘ၀နဲ့ ဆန္ဒကိုလောင်းကြေးထပ်
ဂျေးအထပ်ထပ်နဲ့ ဒီဘ၀ကို
ဟိုလိုခြယ် ဒီလိုသ
ကိုယ့်အတ္တတွေအရောင်တောက်ဖို့
ထိပ်တန်းရောက် ဘ၀မျိုးကို
အရောက်လှမ်းဖို့ ကြိုးစားခဲ့တယ် ။

အမှန်တော့--- ဘ၀ဆိုတာ
သမုဒ္ဒရာလို မပြန့်ဖြူး
အရူးတစ်ယောက်လို မရိုးသား
ပိုးထိုးထားတဲ့ သစ်သီးတစ်လုံးလို့
ငယ်ငယ်တုန်းက
ဟင့်အင်း-- ငါမ မသင်ခဲ့ဖူးတာ ။

No comments:

Post a Comment