ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Wednesday, August 1, 2012

နှလုံးသားထဲက သခင်မ

အကြောင်းဖန် နှောင်းကံအတိတ်ဆီက
ကိုယ်စိတ်ညီ ဆုချွေတောင်းခဲ့လို့
ပြန်ပြောင်းကာ တဖန်တွေ့တာလား
ခုဘ၀မှာစည်းတွေခြားတဲ့
နှလုံးသားထဲက သခင်မရယ် ။

သခင်မရဲ့...နာမည်လေးကို
ကြားရပြီဆိုကတဲက
နားဝကြည် ချိုမြိန်လှတာမို့
အကြိမ်ကြိမ်ရွက်ဆိုတပေမဲ့
သခင်မကတော့ ကြားမယ်မထင် ။

သခင်မရဲ့
လွှမ်းမိုးမူဓာတ်တွေပါတဲ့
ပြတ်သားတဲ့စကားသံတွေကို
ခဏခဏပြန်ကာကြား
ပဲ့တင်သံတွေ ထပ်ကာပွားနေတော့
အနားမှာ သခင်မရှိလေမလားရယ်လို့
ယောင်မှားလို့တောင်ခေါ်မိတယ် ။

သခင်မရဲ့....
ဆေးဆိုးပန်းရိုက်ကင်းတဲ့
နန်းထိုက်တဲ့ရုပ်အဆင်းကို
မြင်မြင်ခြင်းပဲ ရင်လှိုင်းခတ်
မမြင်ရရင် မနေတတ်တော့ပါဘူး
ရွှေကြုတ်ဗူးနဲ့ ထည့်ကာဝှက်
အာခံတွင်းမှာ ၀ှက်ကာထား
သခင်မ .......
ထွက်သွားမှာကို စိုးလို့ပါ ။

သခင်မရဲ့
စူးရှတဲ့မျက်ဝန်းတွေနဲ့
မြူးကြွတဲ့အကြည့်တစ်ချက်ရယ်က
ထိချက်မှန်မြားတစ်စင်းလို
အသိတရားတွေကိုထိုးဝင်ဖောက်
သခင်မရှေ့မှာဒူးထောက်ကျ
လက်မြောက်လို့သာပြလိုက်ချင် ။

တိုင်းရှစ်ခွင် လှည့်ကာရူရင်လဲ
သခင်မကိုပဲ မြင်နေရ
စိတ်ကတရင် ပုံရိပ်ပေါ်
သခင်မလို့ အော်ခေါ်မိ
သေချာကြည့်တော့ ပြောက်ကွယ်သုဉ်း
သခင်မက ......
ကျွန်တော့်ရင်ထဲမှာ ပုန်းနေခဲ့ပြီပဲ ။

အရှုံးတွေနဲ့ ပြိုကာလဲ
နှလုံးတွေလဲ ကြွေကာကွဲပေမဲ့
သခင်မကိုပဲ စွဲလမ်းတယ် ။

ကဲတယ်ပဲ ဆိုဆို
ပိုတယ်ပဲ ပြောပြော
ကိုယ့်သောက ကိုသာသိ
သခင်မ မရှိရင်အနေခက်
အိပ်မက်တိုင်းမှာ သခင်မ
မနေ့ကလဲလွမ်းငွေ့သမ်း
ဒီကနေ့လဲ မျှော်တမ်းတ
သခင်မကိုပဲ သတိရတယ် ။

No comments:

Post a Comment