ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Wednesday, June 27, 2012

စွန့်လွှတ်ချစ်

ချစ်သူ
နှုတ်ဝယ်မှာလှစ်ဟလို့
ချစ်ပါရစေလို့ မပြောဖြစ်ပေမဲ့
နေ့သစ်တိုင်းမှာ သတိရတယ် ။

ချစ်သူ
ဟောဒီလူရင်ခွင်ထက်မှာ
ပွေ့ဖက်ခါ မထားနိုင်ပေမဲ့
အိပ်မက်ညတိုင်း မင်းရှိတယ် ။

ချစ်သူ
လာရောက်လို့ မထူဖြစ်ပေမဲ့
အပူသစ်တွေမျှယူဖို့
မင်းအတွက်....
ဘ၀လက်တွေ ကမ်းထားတယ် ။




No comments:

Post a Comment