ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Thursday, August 2, 2012

အတ္တ စာမျက်နှာ

အတွေးစိတ်ကူးတွေနဲ့
ကြည်နူးရတဲ့ဘ၀ကို ငါမုန်းတယ် ။
လေထဲမှာ တိုက်အိမ်မဆောက်ချင်ဘူး
မြေပြင်မှာတဲအိမ်ထိုးလို့
ငါ့ဘ၀ကို ငါပျိုးမယ် ။

ငါ့အတ္တကို ငါကိုးကွယ်
ငါ့လှေကိုပဲ ငါထိုးမယ်
ငါ့ပျိုးပင်ဝေဆာလန်းဖို့
ငါ့သွေးတွေနဲ့ သွန်းဖျန်းမယ် ။

နှလုံးသားကိုသေဒဏ်ခတ်လို့
အချစ်ဇာတ်ကို ငါကမယ် ။

အလွမ်းအဆွေးတွေ---အမှိုက်ဖြစ်စေသား !

No comments:

Post a Comment