ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Thursday, May 31, 2012

လတစ်စင်းရဲ့ ပျံသန်းခြင်းခရီးစဉ်

သမီးလေးရေ..
ဦးတည်ချက်ကို မင်းပျံတက်ဖို့
ဆုံးဖြတ်ချက်တွေ ချလို့ပြီးရင်
ခရီးစဉ်ကို အစပျိုး
အရိုးတွေပဲ ကြေချင်ကြေ
အရေတွေပဲခမ်းချင်ခမ်း
ကိုယ့်စခန်းကို ကိုယ်ရည်မှန်းလို့
ကိုယ့်ပန်းတိုင်ကို ကိုယ်တိုင်လျှောက် 
ဘယ်တော့..ဘယ်တော့မ
နောက်မဆုတ်ပါနဲ့ သမီးရေ။

သမီးလေးရေ....
ပျံသန်းခြင်းရဲ့ ခရီးစဉ်မှာ
မမြင်နိုင်တဲ့ ထောင်ချောက်တွေနဲ့
အကွေ့အကောက် အခြောက်အလှန့်တွေကို
ကြောက်လန့်လို့ ခုန်မချလိုက်ပါနဲ့
ကြုံရတော့မဲ့ လောကဓံတွေကို
အဖန်ဖန်မြိုကာချရင်း
ရယ်မောခြင်းနဲ့အဆုံးသတ်
ဆုံးဖြတ်ချက်ကို အရောင်မဆိုလေနဲ့
အတောင်တွေကျိုးရင်ကျိုးပါစေ ။

သမီးလေးရေ..
ပန်းတိုင်ကိုရောက်ခါနီးမှာ
မုန်တိုင်းတွေ မွှေကာနှောက်ရင်လဲ
ဒူထောက်ကာ မျက်ရည်ရွှဲလို့
ငိုပွဲတွေ မဆင်နွှဲလေနဲ့
ဇွဲစိတ်ကို ရဲရဲတင်းလို့
ဆုံးရှုံးခြင်းရဲ့ ကမ်းတဖက်ကို
ပျံတက်လိုက်ပါ သမီးရေ။

(အဝေးတနေရာက သမီးလေးအတွက် )




No comments:

Post a Comment