ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Wednesday, May 30, 2012

ဆုံမှတ်ပြောက်မှာ ကြောက်တဲ့သူ

ချစ်သူရေ.....
ကြည့်ရင်း ကြည့်ရင်း
မြင်ကွင်းမှာ ကိုယ့်ပုံပြောက်လို့
ကျောခိုင်းသွားမှာကြောက်မိတယ်။
ချစ်သူရေ.....
ပြောရင်း ပြောရင်း
ခံတွင်းမှာစကားမဲ့လို့
ဆွံ့အသွားမှာကြောက်မိတယ်။
ချစ်သူရေ.....
နမ်းရင်း နမ်းရင်း
သင်းပျံ့ခြင်းတွေ အစပြောက်လို့
ပြန်မကောက်မှာ ကြောက်မိတယ်။
ချစ်သူရေ.....
ပျော်ရင်း ပျော်ရင်း
အိပ်မက်တွေ မိုးလင်းသွားသလို
ရိုးစင်းသွားမှာ ကြောက်မိတယ် ။
ချစ်သူရေ.....
လျှောက်ရင်း လျှောက်ရင်း
အင်အားတွေ ကုန်ခမ်းခြောက်လို့
နောက်ချန်ခဲ့မှာ ကြောက်မိတယ်။
ချစ်သူရေ.....
လွမ်းရင်း လွမ်းရင်း
တို့ချစ်ခြင်းတွေ နှစ်ပိုင်းပြတ်လို့
လွင့်ထွက်သွားမှာ ကြောက်မိတယ်။
ချစ်သူရေ.....
ကြာလေကြာလေ
မျဉ်းပြိုင်တွေဆုံမှတ်ပြောက်လို့
သစ္စာဖောက်မှာ ကြောက်မိတယ်။


No comments:

Post a Comment