ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Wednesday, May 30, 2012

မလမ်းပျိုသို့ တောင်းပန်ခြင်း

ကတ္တရာ လမ်းမထက်
ကွမ်းတံတွေးတစ်ချက်
ဗျစ်ကနဲဖြန်းပက်လိုက်တယ်။
တောက်ကနဲ
တက်ခေါက်သံ တစ်ချက်
ပေါ်ထွက်လာတယ်။
ဆက်ကနဲ..
နောက်ကိုပြန်ကြည့်လိုက်တော့
ဟော...တွေ့ပြီ ၊
ပိတုန်းရောင်ဆံနွယ်တွေကို
လမ်းလယ်မှာ ဖြန့်ခင်းလို့
မြို့ပြရဲ့ ညခင်းထဲမှာ
လေညှင်းခံနေတဲ့ မလမ်းပျိုလေ ။
အို..အို..အို
တောင်းပန်ပါတယ် မလမ်းပျို
စီးကမ်းမဲ့ ဒီပါးစပ်ကို
မလမ်းပျို ဒဏ်တပ်ရင်လဲ
ကျေနပ်စွာ လက်ခံပါ့မယ်။
ဒီလူသား စီးကမ်းပျက်ကို
အိမ်အပြင်ထွက်တဲ့ အခါတိုင်း
မလမ်းပျို ကေသာနက်ပေါ်က
ဖြတ်လျှောက်ခွင့်တော့ ပေးပါနော် ။
 




 

No comments:

Post a Comment