ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Wednesday, May 30, 2012

လက်ရှိဘ၀ကို သုံးသပ်ခြင်း

တခါတခါ.....
ငါပိုင်ဆိုင်တဲ့ ငါ့အတ္တ
ငါ့ဘာသာ ငါလွတ်ကျလို့
ကြေမွသွားတာ ကြုံဖူးတယ်။

တခါတခါ.....
ငါဖွက်ထားတဲ့ ငါ့သိက္ခာ
ငါ့ဘာသာ ငါထွက်ကျခဲ့လို့
ရှာမရအောင် ပျောက်ဖူးတယ်။

တခါတခါ.....
ငါတွယ်တာတဲ့ ငါ့လိပ်ပြာ
ငါ့ဘာသာ ငါအဆိပ်ခတ်လို့
ငါ့ကိုယ်ငါလဲ သတ်ဖူးတယ်။

တခါတခါ.....
ငါ့အိပ်မက်ကို ငါရုံသွင်းလို့
ငိုချင်း တမ်းချင်း
လွမ်းချင်းတွေနဲ့ တစ်ဇာတ်ခင်းလို့
မိုးလင်းအောင်လဲ က ဖူးတယ်။

တခါတခါ.....
အနင်းခံ ဘ၀မျိုးနဲ့
အကျဉ်းချရိုက်ချိုးခဲ့လို့
အနာဂတ်တွေ အညွှန့်ကျိုး
ရှေ့ဆက်တိုးဖို့ ခက်ဖူးတယ်။

တခါတခါ....
မွန်းကြပ်လွန်းလှတဲ့
ဘ၀အခန်းကျဉ်းထဲမှာ
ငါ့ကိုယ်ငါ အရည်ဖျော်ချလို့
တခဏလေး အိပ်ဖူးတယ်။

ဘာပဲဖြစ်ဖြစ်.......
ငါပစ်ချတဲ့ ငါ့ဘဝ
ခုန်ချလိုက် ပြန်တက်လိုက်နဲ့
ဟန်ချက်ကိုက်အောင် ငါကြိုးစားရင်း
တည့်မတ်ခြင်းနဲ့ အဆုံးသတ်မယ်။




No comments:

Post a Comment