ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Saturday, April 14, 2012

ကောင်မလေး

ကောင်မလေး ...
နင့်ရဲ့တခစ်ခစ်ရယ်သံလေးတွေက
ငါ့ရင်ကို တဆစ်ဆစ်
နာကျင်လို့ ကျန်ရစ်ခဲ့တယ် ။
ကောင်မလေး ....
နင့်ရဲ့လက်သီးနုနုကလေးတွေနဲ့
ထုရိုက်ကာငါ့ကိုမနွဲ့ပါနဲ့
အမှည့်လွန်နေတဲ့ နှလုံးသား
ကြွေကျသွားမှာ စိုးလို့ပါ ။
ကောင်မလေး ....
အသံချိုချိုကလေးတွေနဲ့
ကိုကို   လို့ငါ့ကိုမခေါ်ပါနဲ့
ငါ့စိတ်တွေ ရွင်ပျော်မြူး
ငါရူးသွားမှာ စိုးလို့ပါ ။

No comments:

Post a Comment