ကောင်မလေး..
နင်အသံ ၀ဲဝဲလေးတွေက
ပြင်းရှရှ ၀ိုင်တစ်ခွက်ကို
မျိုချလိုက်ရသလိုပါပဲ
ကြားရစဲ ထိုခဏ
ငါ့နားဝမှာချိုမြလို့
ငါ့ရင်ကို စူးရှခဲ့တယ် ။
ကောင်မလေး....
နင့်ရဲ့ ရယ်မောသံတွေက
ခရစ်တော်မှာ အိပ်ပျော်နေကြတဲ့
သက်မဲ့ဘ၀တွေကို
နုပျိုရှင်သန်စေခဲ့တယ်။
ကောင်မလေး....
နင့်ရဲ့အလှတရားတွေကို
ရှူ့စားခွင်ရတဲ့ လောကကြီးကတော့
ငိုငြီးလို့ နင့်ကိုတ
သမုဒ္ဒရာကြီးက လှိုင်းတွေထန်
မုန်တိုင်းတွေက အသံပေး
တိမ်ကလေးတွေက ငိုချင်းချ
ကမ္ဘာမြေက ရင်တွေခုန်
မီးတောင်တွေလဲ အသဲကွဲ
နင့်မျက်နှာကို မြင်စဲခဏ
သူတို့ဘ၀ရဲ့ခံစားချက်
အဲဒီလောက်တောင် လေးနက်ခဲ့တယ်
ငါ့ရင်ထဲက ကောင်မလေးရယ်............
နင်အသံ ၀ဲဝဲလေးတွေက
ပြင်းရှရှ ၀ိုင်တစ်ခွက်ကို
မျိုချလိုက်ရသလိုပါပဲ
ကြားရစဲ ထိုခဏ
ငါ့နားဝမှာချိုမြလို့
ငါ့ရင်ကို စူးရှခဲ့တယ် ။
ကောင်မလေး....
နင့်ရဲ့ ရယ်မောသံတွေက
ခရစ်တော်မှာ အိပ်ပျော်နေကြတဲ့
သက်မဲ့ဘ၀တွေကို
နုပျိုရှင်သန်စေခဲ့တယ်။
ကောင်မလေး....
နင့်ရဲ့အလှတရားတွေကို
ရှူ့စားခွင်ရတဲ့ လောကကြီးကတော့
ငိုငြီးလို့ နင့်ကိုတ
သမုဒ္ဒရာကြီးက လှိုင်းတွေထန်
မုန်တိုင်းတွေက အသံပေး
တိမ်ကလေးတွေက ငိုချင်းချ
ကမ္ဘာမြေက ရင်တွေခုန်
မီးတောင်တွေလဲ အသဲကွဲ
နင့်မျက်နှာကို မြင်စဲခဏ
သူတို့ဘ၀ရဲ့ခံစားချက်
အဲဒီလောက်တောင် လေးနက်ခဲ့တယ်
ငါ့ရင်ထဲက ကောင်မလေးရယ်............
No comments:
Post a Comment