ကဗျာနဲ့ မ
မ နဲ့ကဗျာ
ဘယ်ဟာက အရေးကြီး
မပြီးနိုင်တဲ့ညှိနှိုင်းပွဲမှာ
အသဲကွဲသာ ခံလိုက်ပါ့မယ်
ကာရန်ပြောက်တဲ့ ဘ၀ကိုတော့
မောင် အရောက်မခံနိုင်ပါဘူး
မောင့်ရဲ့အချစ်ဦး မမရယ် ။
အသဲကွဲပေမဲ့
စွဲမက်စရာ အတိတ်တွေကို
အထပ်ထပ်လိပ်ကာ ခေါင်းမှာရွက်
မ အတွက်ကတော့ အိပ်မက်ပေါ့ ...
မောင့်အတွက်တော့ ကဗျာဖြစ်
ရင်ထဲက ကမ္ဘာစစ်ကို
ဥပေက္ခာပြုပြီလား.....
ကဗျာဆရာ ငမွဲသားမို့
ထားခဲ့တာလား မမ ရယ် ။
(စာရေးဆရာ လုပ်မယ်ဆိုလို့ ပြစ်ခွါသွားတဲ့ မမ အတွက်သာ )
မ နဲ့ကဗျာ
ဘယ်ဟာက အရေးကြီး
မပြီးနိုင်တဲ့ညှိနှိုင်းပွဲမှာ
အသဲကွဲသာ ခံလိုက်ပါ့မယ်
ကာရန်ပြောက်တဲ့ ဘ၀ကိုတော့
မောင် အရောက်မခံနိုင်ပါဘူး
မောင့်ရဲ့အချစ်ဦး မမရယ် ။
အသဲကွဲပေမဲ့
စွဲမက်စရာ အတိတ်တွေကို
အထပ်ထပ်လိပ်ကာ ခေါင်းမှာရွက်
မ အတွက်ကတော့ အိပ်မက်ပေါ့ ...
မောင့်အတွက်တော့ ကဗျာဖြစ်
ရင်ထဲက ကမ္ဘာစစ်ကို
ဥပေက္ခာပြုပြီလား.....
ကဗျာဆရာ ငမွဲသားမို့
ထားခဲ့တာလား မမ ရယ် ။
(စာရေးဆရာ လုပ်မယ်ဆိုလို့ ပြစ်ခွါသွားတဲ့ မမ အတွက်သာ )
No comments:
Post a Comment