ကောင်မလေး.....
မျက်စောင်းကလေးတွေ ထိုးထိုးပြီး
ခိုးခိုးပြီး ငါ့ကိုမကြည့်ပါနဲ့
မသိသလို ငါနေရပေမဲ့
ရင်ခုန်သံတွေ ထွက်ခါကြ
ကြေမွသွားမှာ ငါကြောက်တယ် ။
ကောင်မလေး....
နီထွေးထွေး နင့်နှုတ်ခမ်းလေးတွေကို
လိုသလို စူကာရွဲ့
နင် ငါ့ကို မနွဲ့ပါနဲ့ဟာ...........
ရင်ထဲမှာ မုန်တိုင်းတွေ
ဝင်မွှေသလို ခံရခက်
အသက်ရှူတွေ ကြပ်လို့ပါ ။
ကောင်မလေး.....
ဆံနွယ်တွေကို လှုပ်ခါရမ်း
ပြုံယောင်သမ်းလို့ စကားဆို
လက်သီးကလေးကို ရွယ်ကာမြောက်
နင်စိတ်ကောက်ရင်နေရခက်
အဆက်ပြက်မှာ ငါကြောက်တယ်။
မျက်စောင်းကလေးတွေ ထိုးထိုးပြီး
ခိုးခိုးပြီး ငါ့ကိုမကြည့်ပါနဲ့
မသိသလို ငါနေရပေမဲ့
ရင်ခုန်သံတွေ ထွက်ခါကြ
ကြေမွသွားမှာ ငါကြောက်တယ် ။
ကောင်မလေး....
နီထွေးထွေး နင့်နှုတ်ခမ်းလေးတွေကို
လိုသလို စူကာရွဲ့
နင် ငါ့ကို မနွဲ့ပါနဲ့ဟာ...........
ရင်ထဲမှာ မုန်တိုင်းတွေ
ဝင်မွှေသလို ခံရခက်
အသက်ရှူတွေ ကြပ်လို့ပါ ။
ကောင်မလေး.....
ဆံနွယ်တွေကို လှုပ်ခါရမ်း
ပြုံယောင်သမ်းလို့ စကားဆို
လက်သီးကလေးကို ရွယ်ကာမြောက်
နင်စိတ်ကောက်ရင်နေရခက်
အဆက်ပြက်မှာ ငါကြောက်တယ်။
No comments:
Post a Comment