ကောင် မလေး
ကောင်မလေး
မင်းနဲ့တွေ့တဲ့ နေ့ကစ
ငါ့ရဲ့ အတွေးတံခါးဝမှာ
နိုးထတိုင်း နင့်ကိုတွေ့
ငါ့ရင်တွေ တငွေ့ငွေ့ခုန် ။
ကောင် မလေး......
ငါ့ရဲ့အိပ်မက်ညတွေကို
နင်ဘယ်လို သိမ်းပိုက်ခဲ့တာလဲ
နင့်ကိုပဲ ခဏခဏတွေ့
နင့်ကိုပဲ ငါမေ့မရ
နင့်ကိုပဲ ငါတမ်းတတယ်။
ကောင် မလေး
နင့်မျက်နှာကို မြင်နေရရင်
ငါ့စိတ်တွေ ရွှင်ပျော်မြူး
ကြည်နူးနေတဲ့ နှလုံးသား
တချက်ချက်သွားနေတဲ့...
ရင်ခုန်သံတွေကြားမှုာ
ငါလေ..................
အသက်ရှူတွေတောင် မှာခဲ့တယ်။
No comments:
Post a Comment