မာယာမိုး
ကောင်းကင်တခို မိုးတိမ်ညိုတို့
ဟိုသည်ပြေးလွှား အင်းအားပြချိန်
သစ်ခြောက်ပင်လေး သူ့အတွေးမှာ
အေးမြကြည်လင် မိုးရေစင်တို့
မပြက်သွန်းဖြိုး ရွာလိမ့်နိုးပေါ့ ။
သို့ကြောင့်မို့ထင် ကောင်းကင်တခို
တိမ်တွေညိုတိုင်း ရှစ်တိုင်းကိုမျှော်
ခေါင်းကိုမော်လျှက် တစ်ရက်ရက်တော့
ရွာမှာပေါ့ဟု တောင်းဆုချွေကာ
စောင့်နေရှာပေါ့။
တမိုးလင်းလဲ မိုးမသဲတော့
ရိုးတံကြဲကြဲ ရိုင်မလဲအောင်
အံကိုခဲ၍ ဇွဲစိတ်ကိုတင်း
ဟင်းလင်းကောင်းကင် တိမ်ညိုမြင်တိုင်း
မျက်ရည်ဝိုင်းလျှက်မျှော်ရှာတယ် ။
No comments:
Post a Comment