ကောင်းကင်တစ်ခုရဲ့ကောက်ကြောင်း (ကဗျာဝတ္ထု)
အပိုင်း (၁ )
ပဲခူးတိုင်းရဲ့အနောက်ခြမ်း ၊ မီးရထားလမ်းပေါ်က မြို့ကလေးနဲ့ ၊ နှစ်မိုင်ဝေးတဲ့ ရွာကလေးမှာ
မွေးဖွားခဲ့တဲ့ နေဘုန်းလတ် ၊ ဆန်တစ်ပြေခုနစ်ကျပ် ခေတ်ကပေါ့ (1983)။
ကျွန်တော်ကိုမွေးတဲ့အဲဒီနှစ်၊ ဘကြီးချစ်က တမလွန်၊ အဘွားမွန်က ဘုံးဘုံးလဲ၊ ရွာထဲမှာလဲ မီးတွေလောင်
အမေ့မောင်လဲ စီးပွားပြက်၊ အဖေ့ဆန်စက်လဲ ရောင်းလိုက်ရ၊လူဘ၀ကို ဆယ်လရောက်ပြီးကျွန်တော်နဲ့ လောကကြီးရဲ့ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ပေါ့ ။
အမေ့မောင်လဲ စီးပွားပြက်၊ အဖေ့ဆန်စက်လဲ ရောင်းလိုက်ရ၊လူဘ၀ကို ဆယ်လရောက်ပြီးကျွန်တော်နဲ့ လောကကြီးရဲ့ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ပေါ့ ။
သည်ရုပ်နဲ့ သည်နာမ်ကို
ကံကြမ္မာ လူလည်လုပ်လေတော့
ဒုက္ခတွေနဲ့ ငါရှင်သန်
လာချင်ပြန်လောကထဲ ။
အခြေခံ ကုသိုလ်နဲလေတော့
လူ့ငရဲနဲ့ တိုးရပြန် ။
ဘယ်သူလဲ တရားခံ
အကြောင်းမှန်ဖွေရှာထုတ်ပြန်တော့
တဏှာ မာန် ဒိဌိ ယုတ်တွေပေါ့
ရှင်းထုတ်နိုင်မ ကောင်းလိမ့်မယ် ။
ဒီကလေးဟာ ရွာကိုခိုက်
ဟောလိုက်ကြ
တဲ့ဗေဒင်တွေ ၊ နတ်ကတော်တွေက ပိုလို့ဆိုး ၊အမျိုးတွေက စိတ်ယုတ်မာ
ပညာမဲ့တော့အယူသီး ၊ လူကြီးတွေက ပိုလိုမိုက်၊ နင့်သားကလေးဟာ
အမှိုက်ပါလို့၊သူတို့ပြောတော့ အမေငို၊ အဖေဆိုရင်ဒေါသထွက်လို့၊
ဓားတစ်လက်နဲ့အလုပ်ရှုပ်၊ ဇနပုဒ်ကြားက ဘ၀များ ၊မှတ်တမ်းမထားတဲ့ အလွမ်းဇာတ် ၊၀မ်းနည်းစရာတွေ အထပ်ထပ်နဲ့ပေါ့ ။
ငါ့ရွာ
မနက်လယ်လုပ် ညငါးခုတ်ထွက်
တောအရက်မြို ဆဲဆိုအော်ဟစ်
ညစ်ပတ်ပေကြံ တရားသံကင်း
အပါယ်ဆင်းမည့် တို့ရွာတွင်းက ယောက်ျားတွေ ။
ပျိုပျို အိုအို ထိုထိုမိန်မ
မထူးလှဘူး တစ်ဦးမကောင်း
တစ်ဦးကြောင်းကို စုပေါင်းပြောရင်း
ပြင်းရင်သန်းရှာ ဆာရင်ချက်ပြုတ်
မိုးချုပ်မိုးလင်း ကုသိုလ်ကင်းမဲ့
သီလနဲ့ယိုင် ဂုဏ်တုပြိုင်ကြ
မင်းယမရဲ့ မယားတတွေ
ပျော်ရာမြေက ငါ့ရွာကွလို့
ပြေရဖို့တောင် ရှက်မိတယ် ။
ဒီရပ်ရွာမှာ မနေလို၊
အမေဆိုတော့မြို့ကိုပြောင်း၊ ကျွန်တော်ကျောင်စတက်တဲ့
နှစ်မှာတော့၊ စီးပွားရေးဟာပရုပ်လုံး
ရှာရင်းသုံးရင်းထမင်းငတ်၊ အမေ့နားကပ်ကိုဖြုတ်ကာရောင်း၊ ဈေးခံတောင်းကိုအမေရွက်
၊ ရက်ကွက်ထဲမှာ လှည့်လို့အော် ကျွန်တော်ကတော့ တစ်တန်းတက်
(ဖေဖေကတော့)နယ်စပ်ထွက်ပြီးစီးပွားရှာ၊ ပြန်မလာတာခုချိန်ထိ
၊(မေမေကတော့)အဖေ့ဓာတ်ပုံကလေးကို တကြည့်ကြည့်နဲ့၊ ကျွန်တော်မိတော့မျက်နှာလွှဲ
၊(အဖေရယ်)အဖေ့လက်ကိုပြေးကာဆွဲလို့၊ အမေ့ရင်ထဲက အလွမ်းဇာတ်
၊ကျွန်တော်တစ်ခန်းရပ်ပေးချင်လိုက်တာ ။
အမေ
အမေဆိုတာ.......
အသက်မပါတဲ့ ပန်းပုရုပ်
ကျောက်ရုပ်ကြီးမ မဟုတ်တာ ။
အမေဆိုတာ.........
အသက်သွေးနဲ့ သူရှင်သန်
လောကဓံကြီးနဲ့ နှစ်ပါးသွား
အမေ့မှာလဲနှလုံး သားတွေနဲ့မို့
မျက်ရည်စို့လို့ အမေငိုပါ
အလွမ်းပိုလို့မျှော်ကာငေး
ချစ်တေးတွေလဲ အ မေဆို
အမေငိုတာ မကြည့်ရက်ပါဘူး
အမေ့ကျေးဇူးကို အဖန်ဖန်တလို့
အမေ့ဘ၀ကိုပျော်စေချင်
ပျော်မယ်ထင်တာ အမေလုပ်
ကျွန်တော်ကတော့..
ဒူးတုတ်လျှက် လက်ကိုမိုး
အမေ့ကိုရှိခိုးလျှက်ပါပဲ
အမေရယ်.......။
အပိုင်း (၂ )
(နှလုံးသားအလိုလိုက် ကိုလူမိုက်)
ကိုးတန်းအောင်လို့ ဆယ်တန်းတက် ၊စာမေးပွဲကြီးနောက်ဆုံးရက်မှာ
မာလာဆိုတဲ့ ဗိုလ်မှူးသမီး ၊နတ်သမီးလေးမို့
ချစ်ရေးဆို၊နင့်လိုကောင်ကို
မစဉ်းစား
၊ဖိနပ်နဲ့ပါးညားချင်လားလို့၊သူငယ်ချင်းတွေကြားမှာ၊ဆိုအရှက်ပိုလို့ဒေါသထွက်၊အတင်းဖက်လို့သူ့ကိုနမ်း
၊ ကိုလူကြမ်းကြီးရုံးခန်းရောက်၊ ကြောရိုးတလျှောက်ကြိမ်လုံးတင်၊
မာလာမြင်တော့မျက်ရည်ကျ၊သူ့အဖေကယ်မခဲ့လို့၊
မှင်နီတော့မပြခဲ့ပါဘူး၊နှာဖူးကျတဲ့ကိုလူကြမ်း ၊ဆယ်တန်းကျတဲ့အဲဒီနှစ်၊တရားခံဟာအချစ်တဲ့လား ၊ခုချိန်ထိစဉ်းစားမရခဲ့ဘူး ။
သို့/မာလာ
မြင်ကတည်းက
ရင်ထဲမှာနွေတစ်ရာပူသလို
ဝေဒနာတွေဆူကာပွက်
လျှံမတက်အောင်ဘယ်လိုတားပေမဲ့
လိုလားစွာတောင်းတနေတဲ့
ဖြောင့်ဖျမရတဲ့ နှလုံးသားရယ်ကြောင့်
ထားလျှင်လဲနေ သတ်လျှင်လဲ သေရစေတော့
ဖြေမရလို့ ဖွင့်ဟခြွေ။
ခုတော့လဲ...မာလာရေ
နှလုံးသားကိုမြေမြို
ပညာရေးကို မိုးကြိုးပစ်၊အဲသည်လိုအဖြစ်ဆိုးတွေနဲ့
ငါတိုးခဲ့တာ နင့်ကို ချစ်လို့ဆိုရင်
သေ မင်းကို အသက်အပ်
ဆယ်ဆထပ်လို့ နင့်ကိုချစ်မယ်
မာလာရယ် နင်သိစေတော့ ။
အပိုင်း(၃)
(ဘ၀တက္ကသိုလ် ပြေးလို့ခို )
ကျောင်းတွေဖွင့်တော့ပြန်မတက် ၊သားရှက်လို့လားအမေမေးတော့၊အမေ့ကိုပဲလုပ်ကြွေးချင်၊
မတက်ချင်လို့အကြောင်းပြတာ၊အမေကတော့မသိရှာပါဘူး ။
ကျောင်းထွက်ပြီး နှနှစ်အတွင်းမှာ
မေမေ့လုပ်စာ ထိုင်စားရင် နဲ့
လက်ကြောမတင်းတဲ့ ကျွန်ဟာ
ကဗျာလိုလို စာလိုလို...
ဟိုလိုလို သည်လိုလိုနဲ့
အရက်ဆို ရင်တော့......
ခပ်ပြင်းပြင်းမ ကြိုက်ခဲ့ တယ်၊၊
တမိပေါက် တစ်ယောက်ထွန်း
ပွန်းပဲ့နေတဲ့ အကျင့်စရိုက်
ဆေးလိပ်တိုကို ပါးစပ်မှာကိုက်လို့
ဖဲကလဲ ရိုက်တတ်သေးတယ် ။
ကျွန်တော်နဲ့ ပတ်ဝန်းကျင်
မဲညစ်မောင်တိမ်တိုက်တွေကြောင့်
လေတိုက်တိုင်း အရောင်ပြောင်း။
ရာသီတွေကြည်လင်ကောင်းရင်တော့
ပီပြင်စွာမင်းမြင်ရမယ်
ကောင်းကင်ကောက်ကြောင်း။
အင်တာနက်တွေသုံးခွင့်ရတဲ့ ၊သုံးလပိုင်းရဲ့22 ရက်၊1999ခုနှစ်ရဲ့မနက်မှာ ၊ကိုသက်ပိုင်နဲ့ရန်ကုန်ေ ရာက်၊
ကုလားတစ်ယောက်ဆီမှာ သော့ပြင်သင်၊
မေသဇင်နဲ့ ရည်းစားဖြစ်၊
သူမကလေးဟာ"အလစ်သမ"
ကျွန်တော်ကလဲ ဖောက်ထွင်းသမား
အိမ်မှားဝင်လို့ဒုက္ခတွေ့ ၊ အချုပ်ထဲမှာမွေ့လို့ပျော် ၊လွတ်ရက်စေ့သော်
အပြင်ရောက်၊သူငယ်ချင်းတစ်ယောက်နဲ့ကွမ်းယာရောင်း ၊အားတဲ့အချိန်
မှာကားမောင်းသင်၊
ကားပိုင်ရှင်က ကဗျာဆရာတစ်ယောက်၊
ကျွန်တော်တို့ နှစ်ယောက်တွေ ကဗျာရေး
အမြေးဖိုးလေးတော့ရတာပေါ့။
♥♥ ♥♥ ♥♥ ♥♥ ♥♥ ♥♥
ကာရန်ပြောက်တဲ့ည
ဆေးလိပ်လဲတို
ညလဲအို၍
ဖရောင်းတိုင်လေး လဲ တိုသွားပြီ ။
စက္ကူလဲကုန်.......
အမှိုက်ပုံဖြစ်
စိတ်မညစ်ဘူး
မိုးလင်းအောင်ပဲ ရူးလိုက်မယ် ။
အပိုင်း( ၄ )
(အသိုက်ပြောက်တဲ့ ငှက်ကလေး)
မှတ်မှတ်ရရ၊ရှစ်ရက်နဲ့ ရှစ်လ၊ တစ်ဆယ့်ကိုးနှစ်ပြည့်တဲ့ည၊
မှာမြ၀တီမြို့ကိုရောက်ခဲ့ကြတယ် ၊မိတ်ဆွေမရှိငွေမရှိ၊အဖေရှိတယ်သတင်းကြားလို့၊အားတင်းပြီးလာခဲ့ပေမဲ့ ၊အဖေ့ကို မတွေ့ခဲ့ပါဘူး အဖေ့ကိုရည်စူးလို့
၊စုဗူးဖောက်ပြီးဝယ်ကာထားတဲ့၊ချယ်၇ီဦးက နာရီလေး၊အဖေ့ကိုဘယ်လိုပေးရမလဲ ၊ရင်ထဲမှာ
အဖေကလွဲရင်၊ ဘာကိုမ မလိုချင်ပါဘူး ၊သားဦးလေးမို့ ..ရူးမ လောက်။ချစ်တယ်ဆိုတဲ့
အဖေရယ် ။
လိုအပ်ချက်
အာကာတခို တိမ်တွေညိုမှိုင်း
မုန်တိုင်းမာန်ဖီ တက်ချီလာတော့
ထက်ကောင်းကင်ဆီ ဟိုသည်ပြန်တက်
သားမောင်ငှက်ကို
ခေါ်ဆိုပြေးထွက် အသိုက်ထက်တင်
ငှက်ဖခင်ကို မြင်လျှင်အားကျ ငါ့ဘ၀နှင့်
နှိုင်းချင့်တွေးကြံ ဖခင်ထံမှ မေတ္တဓာတ်ကို
ရေငတ်သလို စာလှတယ် ။
အာကာတခို တိမ်တွေညိုမှိုင်း
မုန်တိုင်းမာန်ဖီ တက်ချီလာတော့
ထက်ကောင်းကင်ဆီ ဟိုသည်ပြန်တက်
သားမောင်ငှက်ကို
ခေါ်ဆိုပြေးထွက် အသိုက်ထက်တင်
ငှက်ဖခင်ကို မြင်လျှင်အားကျ ငါ့ဘ၀နှင့်
နှိုင်းချင့်တွေးကြံ ဖခင်ထံမှ မေတ္တဓာတ်ကို
ရေငတ်သလို စာလှတယ် ။
ရှမ်းပြည်တောင်မြောက်၊စုန် ဆန်လျှောက်ရင်း၊အဖေ့သတင်းကိုရလေမလား
၊ဘ၀တွေပဲခြားပြီလား၊အဲသည်လိုအတွေးများနဲ့၊
ကားမောင်းလို့ရတဲ့ငွေကလေးကို
မိဘမဲ့ကျောင်းကလေးမှာ၊လှူလိုက်ရတာ
ဝမ်းသာလွန်း၊မျက်ရည်စွန်းလို့ အမျှဝေ၊တကယ်ပဲအဖေသေခဲ့ရင်၊တမလွန်မှာ
အဖေပျော်ဖို့၊သာဓုခေါ်ဖို့ မမေ့နဲ့နော်။
အဖေ
အဖေဆိုတာ နေ ၊အမေဆိုတာ လ
ကျွန်တော့ဘ၀က ပန်း
နေမရှိတော့ နွမ်းခဲ့ရတယ် ။
အဖေဆိုတာ လေ အမေဆိုတာ ရေ
လေမရှိတဲ့ ပန်း ဘဝ
နွမ်းနေရအုံးမှာပေါ့ အဖေ ။
အပိုင်း (၅ )
(နူရာဝဲစွဲ လဲရာသူခိုးထောင်း)
ရှမ်းပြည်နယ်ကပြန်အထွက်၊ဖားကန့်ဘက်ကို
ကျောက်တူးသွား၊ငှက်ဖျားမိတော့အလုပ်ပျက်၊
အဖေ့အတွက် ၀ယ်ကာထားတဲ့၊နာရီလေးလဲ တက်တက်ပြောင်၊
ခြင်ထောင်မရှိတဲ့ တဲကလေးထဲ၊ကျွန်တော်လဲလို့ သတိလစ်၊
နန်းခင်သစ်တို့မောင်နှမ၊ကူညီကြလို့ အသက်ဆက်၊
အဲဒီအတွက် သူ့ကျေးဇူး၊ကျွန်တော်ဆပ်ရဦးမှာပါ။
နာရိုးမ ဘဝ
ကံကြမ္မာ..........
ဆိုးလှပါဘိ ။
ဖျားနာလို့ ပြုစုရန်
အခြွေရန် နတ္ထိ ။
ငွေမရှိ အခက်ကြုံ
ဆေးရုံကို မတက်မိ ။
သေမင်းရယ်မခေါ်သေးလို့
တော်သေးပါ၏ ။
နေကောင်းတော့ အလုပ်ရှာ၊တည်ခိုခန်းမှာ အလုပ်ရ၊ ပပ ဆိုတဲ့ညနတ်သမီး
ကျွန်တော်နဲ့ ရည်းစားဖြစ်၊အချစ်ဆိုတာ ဘာမှန်းမသိ၊ အတွေ့ အထိတွေကြားမှာပျော်
ကျွန်တော်တို့ရဲ့ လက်ထပ်ပွဲ၊ ရုံးမှာနွဲလို့ ကော်ဖီတိုက်
လက်မှက်တွေပဲ ထိုးလိုက်ကြတယ် ။
လက်တပ်ပြီးတော့ အလုပ်ပြောင်း၊ ကားမောင်းရင်းနဲ့ ပွဲစားလုပ်၊သူမကတော့ အသုပ်ရောင်း၊
အလုပ်မကောင်းတော့ အပြစ်ဆို၊နင့်လိုကောင်ကို ယူတာမှား၊တည်းခိုခန်းပဲ ပြန်သွားချင်၊
ကြားရလျှင်ဒေါသထွက်၊ပေါင်းဖက်ရတာ ဆယ့်လေးလ၊
အကြောင်းဆက်မရလို့ ခွဲလိုက်ကြတယ် ။
ပပ သို့.....
ပညာမဲ့ကင်း၊ရုပ်ဆင်းမရှိ
နတ္ထိဥစ္စာ၊သိက္ခာဆင်းရဲ
လူ့ငမွဲကို၊ဘယ်လို မိန်းမ
ရှည်ကြာလှစွာ၊ပေါင်နိုင်မှာနည်း
ကမ္ဘာမြေဆုံး၊ကိုနေဘုန်း ကို
ချစ်တယ် ချစ်တယ်၊သိပ်ချစ်တယ်လို့
ဟန်မူကြွယ်ကာ၊မာယာသံနှော
နင်ပြော စကား၊မုသားဆိုတာ
ငါသိပါလဲ၊ပေါက်ကွဲဒေါသ
မဖြစ်ပါ့ဘူး၊ချစ်ခဲ့ဖူးတဲ့ ပပ ရယ်..။
အပိုင်း(၆)
2004ခုနှစ်ရဲ့
သင်္ကြန်၊ဒုလ္လဘရဟန်းခံပွဲမှာ၊ ဘော်ဒါတွေအဆွယ်ကောင်းလို၊့မြစ်ကြီးနားက
တောရကျောင်းမှာ၊
စုပေါင်းလို့ပဉ္စင်းခံ၊အဓိဌာန်ထားတာက ၇ရက်၊ဒါပေမဲ့
တစ်နေ့မနက်မှာ၊ဆရာတောအမိန့်ရှိတာက၊တမူးဘက်ကငါပိုင်ကျောင်းကို၊သွားရောက်လို့တစ်ဝါဆိုပါ၊အဲ့ဒီမှာကျောင်းစောင့်တစ်ပါး၊
ပြန်တော်မူသွားလို့တဲ့လေအိမ်ထောင်ကလဲကွဲကာစနောက်ကြောင်းကလဲတွယ်တာကင်း
ဒါကြောင့်မင်းကိုလွှတ်ရတာလို့၊ဆရာတော်ရဲ့မိန့်စကား၊စိတ်ထဲမှာ မပါငြားသော်လည်း၊
မငြင်းရဲလို့လက်ခံလိုက်၊ဘ၀နဲ့စရိုက်ဟာ ဆန့်ကျင်ဘက်၊နည်းနည်းတော့အခက်တွေ့တာပေါ့။
အပိုင်း(၇ )
(မှော်ရုံတောက အပြန်)
တမူးမြို့က ကျောင်းကလေးမှာ၊ဘာဝနာတွေ အားထုတ်ရင်းနဲ့၊ဆရာတော်ကြီးတစ်ပါးရဲ့ခြေတော်ရင်းမှာ
အင်္ဂလိပ်စာနဲ့ သက္ကတ၊သင်ခဲ့ရထိုတစ်ဝါ၊
၊ကျောင်းတကာ ကုလားကြီးက၊ ဗေဒနဲ့ဟိန္ဒူစာသင်ပါဆိုလို့သင်ခဲ့ရ၊ပညာတော့ရခဲ့တာပေါ့။
ဝါကျွက်တော့ခရီးထွက်၊အိန္ဒိယ ဘက်ကကုလားကြီးရွာ၊ဆယ်ရက်ကြာတော့ ဂယာသွား၊
ရှရီပူရ် ရွာမှာတစ်ထောက်နားတော့၊သာကီနွယ်ဘုရားသားကိုမ၊သခင်မက သိမ်းပိုက်ချင်၊ရှင်းပြလျှင်ပိုလို့ဆိုး
မြူခိုးတွေ အမြဲဆိုင်းတဲ့၊မိန်းမရိုင်းကြီးရဲ့ထိုရွာထဲ၊တိုင်စရာရဲလဲ မရှိပါဘူး၊
အဆိပ်ဗူးသာ အနားမှာရှိရင်၊သောက်ပစ်ချင်တာ အမှန်ပါပဲ၊ဂုဏ်တော်တွေပဲ ထပ်လို့ရွတ်၊မှော်ရုံတောက လွတ်မြောက်ချင်၊သုံးရက်မြောက်လျှင် အလွန်ထူး၊သူတို့တွေ ဦးထိပ်ထားတဲ့၊ဆာဒူးကြီးတစ်ပါးနဲ့တိုးလို့၊
ဘ၀ဟာအညွှန့်မကြိုးခဲ့ပါဘူး၊ထူးခြားလှတဲ့ ထိုဓလေ့၊ကိုယ်တိုင်တွေ့လို့ယုံလိုက်ရ၊သဘာဝတော့ မကျလှဘူး။
(ပိုးဖလံမျိုး မီးကိုတိုး)
ရခဲလှစွာ၊သာသနာ၌
လုံးလစိုက်လျှက်၊အကျင့်မြတ်ကို
စိတ်လိုအားရ၊ကျင့်လိုကလဲ
ခိုင်မြဲမတည်၊ပါရမီနဲ
ဖြည့်ရဆဲမို့၊ထူထဲညစ်ကြေး၊
မှန်းခဲ့တာကခုနစ်ရက်၊ဒါပေမဲ့ ရက်သုံးရာ၊သာသနာ့ဘောင်မှာနေခဲ့ရ ၊ဇွန်လရဲ့ 2005မှာ၊
မြစ်ကြီးနားကဆရာတော်။ပြန်ခေါ်တော့လူဝတ်လဲ၊မင်းဘာလုပ်မလဲ ကျွန်တော့်ကိုမေး၊အရင်းအနှီးတွေ ထုတ်ကာပေးလို့၊ဗိုလ်မှူးလေးနဲ့နှစ်ယောက်ပေါင်း၊တောခေါင်းကြီးလဲ ရှယ်ယာဝင်၊အောင်မြင်ခဲ့တဲ့ သစ်လုပ်ငန်း၊ရန်ကုန်သွားလို့ တိုက်ခန်းဝယ်၊အထည်ဆိုင်လေး တစ်ခုထောင်၊ဗိုလ်တစ်ထောင်မှာ အခြေချ၊ပြေလမ်းမမှာ ဘီယာဆိုင် ၊ဦးလေးကိုပဲ အထိုင်ချ၊အဲဒီလိုနဲ့ ဘ၀ကိုစ၊အရက်မိန်းမ စီကရက်၊ သူတို့နဲ့ မပတ်သက်တော့၊တစ်ရက်ထက် တစ်ရက်လူရာဝင်၊ဂုဏ်ကြီးရှင်တွေ ကြည်ဖြူကြ၊သာရေး နာရေးကိစ္စတွေမှာ၊ကိုလတ်မပါရင် ဟာတယ်ဗျလို့၊တစ်ချို့က ဆိုလို့ ဆို၊လူပျိုကြီးလား မေးလို့မေး၊26ပဲ ရှိသေးတယ်ဆိုတော့၊(ဟောတော့ ) ဆိုသူလေးတွေလဲ၊ကျွန်တော့ဘေးမှာ ၀ဲလို့ ၀ဲ၊ခြွေရံတွေလဲ ၀ိုင်းလို့ရံ၊ကျွန်တော်မှားရင်တောင် အမှန်ထင်၊မတောင်းပန်ခင်က ခွင့်လွတ်ကြ၊ကျွန်တော်နေရတဲ့ လောကြီး၊ တယ်ပြီ့းသာယာလှပါလား။
ကုသိုလ်ဝေးရာ၊ဤလူ့ရွာသို့
ပြန်လို့ဆင်းရန်၊အကြောင်းဖန်သည်
အိုဘယ့်....ငါ့ကံဆိုးလှတယ်။မှန်းခဲ့တာကခုနစ်ရက်၊ဒါပေမဲ့ ရက်သုံးရာ၊သာသနာ့ဘောင်မှာနေခဲ့ရ ၊ဇွန်လရဲ့ 2005မှာ၊
မြစ်ကြီးနားကဆရာတော်။ပြန်ခေါ်တော့လူဝတ်လဲ၊မင်းဘာလုပ်မလဲ ကျွန်တော့်ကိုမေး၊အရင်းအနှီးတွေ ထုတ်ကာပေးလို့၊ဗိုလ်မှူးလေးနဲ့နှစ်ယောက်ပေါင်း၊တောခေါင်းကြီးလဲ ရှယ်ယာဝင်၊အောင်မြင်ခဲ့တဲ့ သစ်လုပ်ငန်း၊ရန်ကုန်သွားလို့ တိုက်ခန်းဝယ်၊အထည်ဆိုင်လေး တစ်ခုထောင်၊ဗိုလ်တစ်ထောင်မှာ အခြေချ၊ပြေလမ်းမမှာ ဘီယာဆိုင် ၊ဦးလေးကိုပဲ အထိုင်ချ၊အဲဒီလိုနဲ့ ဘ၀ကိုစ၊အရက်မိန်းမ စီကရက်၊ သူတို့နဲ့ မပတ်သက်တော့၊တစ်ရက်ထက် တစ်ရက်လူရာဝင်၊ဂုဏ်ကြီးရှင်တွေ ကြည်ဖြူကြ၊သာရေး နာရေးကိစ္စတွေမှာ၊ကိုလတ်မပါရင် ဟာတယ်ဗျလို့၊တစ်ချို့က ဆိုလို့ ဆို၊လူပျိုကြီးလား မေးလို့မေး၊26ပဲ ရှိသေးတယ်ဆိုတော့၊(ဟောတော့ ) ဆိုသူလေးတွေလဲ၊ကျွန်တော့ဘေးမှာ ၀ဲလို့ ၀ဲ၊ခြွေရံတွေလဲ ၀ိုင်းလို့ရံ၊ကျွန်တော်မှားရင်တောင် အမှန်ထင်၊မတောင်းပန်ခင်က ခွင့်လွတ်ကြ၊ကျွန်တော်နေရတဲ့ လောကြီး၊ တယ်ပြီ့းသာယာလှပါလား။
အသက်ကြီးသွားမှာတောင် ကြောက်မိတယ်။
အပိုင်း(၉)
( လေဘတက်လို့ စီးပွားပျက်)
ဘုရားမကြိုက်ပေမဲ့၊ငွေအိုးကြီးနှိုက်ရသလို၊လုပ်ငန်းတွေကို တွင်တွင်ချဲ့၊သူငယ်ချင်းတွေနဲ့ စုလို့ထောင်၊ဗိုလ်တစ်ထောင်မှာ တည်းခိုခန်း၊ပြည်လမ်းမ မှာဘီယာဆိုင်၊လိုင်စင်မဲ့ အနှိပ်ခန်း၊ ဟိုနေ့က ၀င်ဖမ်းသွားလို့၊ရှာထားတာလေးတက်တက်ပြောင်၊မီးလောင်သွားသလိုပါပဲဗျာ။
ရင်ထဲမှာ မီးတွေတောက်၊ဦးနှောက်တွေကပူလောင်၊ဥပဒေဘောင် ၀င်သော်လည်း၊ငရဲမလွတ်တဲ့ လုပ်ငန်းတချို့၊မလုပ်ချင်လို့ ၀ပ်ရှော့ထောင်၊အဲဒီနှစ်မှာ အိမ်ထောင်ကျ၊သူနာပြု ဆရာမနဲ့ပေါ့။
ကျွန်တော်နဲ့ ချစ်တာသူ့ညီမ၊ တကယ်ရတော့သူနဲ့လေ၊ဒါပေမဲ့ မအိုကေပါဘူး၊မထူးလို့သာပေါင်းနေကြ၊2008ရဲ့ညတစ်ညမှာ၊ အပျော်မနဲ့ကျွန်တော့်ကိုတွေ့၊နောက်နေ့မနက်ရုံးကိုသွား၊ရှစ်လသား လက်ထပ်စာချုပ်ကလေးဟာ၊အဲဒီနေ့မှာပဲ သေဆုံးသွားတယ်ဗျာ။
နောင်တ
အသိ အသိတရားတွေနဲ့
သတိ သတိတွေထားပေမဲ့
မချိ မချိအောင်ခံစားရတဲ့အခါ
တတိ တတိမှားလာခဲ့တယ်။
တရားခံဟာဘယ်သူလဲ
တစ်စုံ တစ်ခုကိုညွှန်ပြဆဲမှာ
ကျန်နေဆဲလက်သုံးချောင်းက
ငါ့ဘက်ကို အသာချောင်း
ငါနဲ့စိတ်ကို တည့်အောင်ပေါင်းဖို့
မီးမောင်းထိုးပြနေလေရဲ့။
အပိုင်း(၁၀ )
(ဒုက္ခကမ်းခြေ၌ အပန်းဖြေခြင်း)
အိမ်ထောင်ကွဲတော့ စိတ်ဓာတ်ကျ၊စီးပွားရေးက ပျက် ပျက်ပြုန်း၊အရက်ပုန်းဆိုင်မှာကျွန်တော်ပျော်၊ဖဲဝိုင်းပေါ်မှာကျွန်တော်မွေ့၊တစ်နှစ်မပြည့်ခင် လမ်းဘေးရောက်၊ကုန်ခြောက်ဆိုင်မှာ အလုပ်ဆင်း၊ဆိုက္ကားနင်းတာ ညနေဘက်၊ညငှက်ကလေးတွေ လာရင်ကြို၊လိုချင်သူထံပို့ကာပေး၊ထမင်းဖိုးလေးလဲ အဆင်ပြေ၊အိုကေရင် အမြေးဖိုးလေးပါ ရတာပေါ့။
အစာအိမ်နှင့် ရန်ဖြစ်ခြင်း
မိုးမလင်းသေးခင်က
ငါ့အရင်ထလို့ ထ
ငါ့ရင်ဝကိုခြေနဲ့ ကန်
အူနံရံတွေကို တစ်ဂွမ်းဂွမ်းတီး
ဟေ့ကောင်....
အစောကြီးရှိသေးတယ်ဆိုလည်းမရ
ရေတစ်ခွက် ထချလိုက်မှပဲ
နဲနဲလေးငြိမ်ကျသွားတယ်...။
ဒါပေမဲ့ ...မကြာပါဘူး
လူးလဲပြီးပြန်ကာထ
ဗိုက်ဆာလိုက်တာဗျတဲ့ လေ.။
ဒီတခါတော့ ကျွန်တော်လဲ
ဆဲဆိုကာမာန်မဲပြီး.......
"ဟေ့ကောင်ကြီး ငစာအိမ်''
ရွှေစည်းစိမ် ထမင်းဆိုင်ကြီးက
သခွားသီးနဲ့ ငပိချက်
ညနေဘက်ကကျွေးထားတာပဲ
ဒီမနက်တော်အုံးကွာ ဆိုတော့.....
သခင်ရယ်စဉ်းစားပါဦး
စပါးလုံးတွေ တထွေးကြီးနဲ့ 
ထမင်းလေးက တစ်ပန်းကန်
ဆိုင်လက်ကျန် ငပိချက်
ခါးသက်သက်သခွားသီး
အဲ့ဒါတွေ.......ငါ့ကိုကျွေးပြီးတော့....
ဆယ်နာရီထိ ဆိုက္ကားနင်း
မိုးလင်းနီးနီး ကဗျာရေး
သခင်ကျွေးတာနဲ့ သခင်ခိုင်းတာ
နှိုင်းဆလို့  ပြန်ကြည့်ပါဦး တဲ့........။
အစာအိမ်ရဲ့စကားတစ်ခွန်း
ငါလေ သနားလွန်းလို့ 
ပွန်းပဲ့နေတဲ့  ငါးဆယ်တန်တစ်ရွက်ကိုထုတ်
ဆန်ကွဲနဲ့လုပ်တဲ့မုန့်တစ်ချပ်
ကဲ..ရော့ မင်းအတွက်ဆိုတော့
ကျွန်တော့်ဘက်ကိုလှည့်ကာပြုံး
သူပြောလိုက်တဲ့ စကားတစ်လုံးက
တစ်နေလုံးအတွက်လား သခင်ရယ်..တဲ့။
ငါ့အရင်ထလို့ ထ
ငါ့ရင်ဝကိုခြေနဲ့ ကန်
အူနံရံတွေကို တစ်ဂွမ်းဂွမ်းတီး
ဟေ့ကောင်....
အစောကြီးရှိသေးတယ်ဆိုလည်းမရ
ရေတစ်ခွက် ထချလိုက်မှပဲ
နဲနဲလေးငြိမ်ကျသွားတယ်...။
ဒါပေမဲ့ ...မကြာပါဘူး
လူးလဲပြီးပြန်ကာထ
ဗိုက်ဆာလိုက်တာဗျတဲ့ လေ.။
ဒီတခါတော့ ကျွန်တော်လဲ
ဆဲဆိုကာမာန်မဲပြီး.......
"ဟေ့ကောင်ကြီး ငစာအိမ်''
ရွှေစည်းစိမ် ထမင်းဆိုင်ကြီးက
သခွားသီးနဲ့ ငပိချက်
ညနေဘက်ကကျွေးထားတာပဲ
ဒီမနက်တော်အုံးကွာ ဆိုတော့.....
သခင်ရယ်စဉ်းစားပါဦး
စပါးလုံးတွေ တထွေးကြီးနဲ့ 
ထမင်းလေးက တစ်ပန်းကန်
ဆိုင်လက်ကျန် ငပိချက်
ခါးသက်သက်သခွားသီး
အဲ့ဒါတွေ.......ငါ့ကိုကျွေးပြီးတော့....
ဆယ်နာရီထိ ဆိုက္ကားနင်း
မိုးလင်းနီးနီး ကဗျာရေး
သခင်ကျွေးတာနဲ့ သခင်ခိုင်းတာ
နှိုင်းဆလို့  ပြန်ကြည့်ပါဦး တဲ့........။
အစာအိမ်ရဲ့စကားတစ်ခွန်း
ငါလေ သနားလွန်းလို့ 
ပွန်းပဲ့နေတဲ့  ငါးဆယ်တန်တစ်ရွက်ကိုထုတ်
ဆန်ကွဲနဲ့လုပ်တဲ့မုန့်တစ်ချပ်
ကဲ..ရော့ မင်းအတွက်ဆိုတော့
ကျွန်တော့်ဘက်ကိုလှည့်ကာပြုံး
သူပြောလိုက်တဲ့ စကားတစ်လုံးက
တစ်နေလုံးအတွက်လား သခင်ရယ်..တဲ့။
ဟိုတနေ့ညကတော့၊အာဟာရပျက်လို့ဘုန်းဘုန်းလဲ၊ဆေးရုံကိုလဲမသွားနိုင်တောင်ဝှေးကိုင်လို့ ဖုန်းဆိုင်သွား၊သူငယ်ချင်းများထံ သနားခံ၊ဘယ်သူ့ထံမှ အကူညီမရ၊သီဟကလဲ မပြေလည်၊ဦးဘိုးကြွယ်က အိမ်မှာ မရှိ၊မိမိချိုက ဘုရားဖူးသွား၊ဖိုးသားလေးကဆိုင်မပြန်၊ဆင်ချေဥာဏ်တွေ အမျိုးမျိုးပေး၊ဖုန်းကြွေးတွေပဲ အထပ်ထပ်တင်၊ဒါပေမဲ့.......မင်းတို့ကို အပြစ်မမြင်ပါဘူး။ပြုခဲ့ဘူးတဲ့ ငါ့အတိတ်၊ ငါ့အိပ်ထဲသာ ဖိတ်ပစေတော့။
နောင်တ
သည်ကနေ့ရဲ့ လုပ်ရပ်တိုင်းဟာ
မနက်ဖန်တိုင်းမှာ သမိုင်းဖြစ်
တကယ်ပဲ ကျန်ရစ်ခဲ့ရင်
ငါမဖတ်ချင်တဲ့ ငါ့သမိုင်း
စိတ်တိုင်းကျသာမင်းတို့ဖတ်
မျက်မှန်စိမ်းတော့ တပ်ထားပေါ့ ။
အပိုင်း(၁၁ )
(လဲရင်ပြန်ထ ငါ့ဘ၀)
အချစ်နာ စိတ်နာ အရက်နာတွေနဲ့၊နာသုံးနာကျခဲ့ရာမှ ၊နှစ်လကျော်တော့ နလန်ထ၊ မန္တလေးက ဦးရီးတော်၊အမှာတော်ပါးလို့ကျွန်တော်၊ နေဘုန်းလတ် မှ ဟုတ်ရဲ့လားတဲ့၊မျက်နှာကိုသေချာကြည့်၊အာဟာရမရှိတဲ့ကျွန်တော်ရုပ်၊ပေစုတ်စုတ်နဲ့ညှင်းသိုးသိုး၊အရိုးပေါ်မှာ အရေတင်၊အင်း.....မှားမယ်ဆိုရင် မှားစရာပေါ့၊ ''အရင်ကတော့ နေဘုန်းလတ် အခုတော့ နေဘုန်းငတ်
'' ပေါ့၊ပြောစမှတ်တွင်တဲ့ ကျွန်တော်ဘ၀၊ပျော်တတ်ရင်တော့ ဟာသပေါ့၊
(ကျွန်တော်ကတော့ ငိုချခဲ့တယ် )
ဦးရီးတော်ရဲ့ ကျူရှင်ကျောင်းမှာ၊အင်္ဂလိပ်စာ ကူပြရင်းနဲ့၊ကိုကိုလင်းနဲ့ နှစ်ယောက်ပေါင်း၊ဆိုင်ကယ်တွေကို ၀ယ်ရောင်းလုပ်၊ဦးရီးတော်က အရင်းထုတ်တော့၊လုပ်ရတာအဆင်ပြေတာပေါ့၊ညဘက်တွေမှာ ကဗျာရေး၊မန္တလေးကိုရောက်ခါစ၊အိပ်မရတဲ့ သန်းခေါင်ညမှာ၊ရေးချခဲ့ကဗျာလေး....ခေါင်းစဉ်ပေးတော့..
မြစ်တစ်စင်းရဲ့ ပစ္စုပ္ပန် တဲ့။
မြစ်တစ်စင်းရဲ့ ပစ္စုပ္ပန်
လက်တွေ့ဘ၀ကိုငြင်းဆန်ဖို့
တစ်ခါပြန်ပြီး ငါသေချင်တယ် ။
အဆောင်အယောင်တွေ
ဘောင်တွေကြားမှာ
ဟန်ဆောင်မူတွေနဲ့ မွန်းကြပ်
အဆိပ်တက်နေတဲ့ ခံစားချက်တွေအတွက်
ထွက်ပေါက်တစ်ခု ငါလိုအပ်တယ် ။
မနက်ဖန်တွေကို ငါရင်ဆိုင်ဖို့
ငါ့သွေး ငါ့ချွေး ငါ့မျက်ရည်တွေ ပေးဆပ်လိုက်တယ် ။
ငါ့လှေကိုပဲ ငါထိုးမယ်
တက်ကျိုးရင် လက်နဲ့ခတ်လို့
ရေဆန်ကိုပဲ ကူးခတ်မယ် ။
မျှော်လင့်ခြင်းရဲ့တံခါးကိုပိတ်လို့
အတိတ်တွေကို အဆိပ်ခတ်မယ် ။
အနာဂတ်ကိုလဲ မမျှော်လိုတယ်
ပစ္စုပ္ပန်မှာ ငါစီးဆင်းရင်း
ဘ၀မိုးတွေ လင်းစေမယ် ။
No comments:
Post a Comment