ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Saturday, April 14, 2012

(စကားပြောသော မျက်လုံးများ) ကောင်မလေး 6

ကောင် မလေး.......
တစ်ခါတစ်ခါ.............
ပုစ္ဆာဆန်တဲ့ နင့်မျက်လုံး
လေးနက်တဲ့အပြုံးတွေက
ဖြေဆိုရ အလွန်ခက်တဲ့
ပဟေဠိတွေထက် နက်နဲတယ် ။

ကောင်မ လေး......
တစ်ခါတစ်ခါ................
မေတ္တာတရားကို အခြေခံတဲ့
အကြင်နာဆန်တဲ့ နင့်မျက်လုံး
ကရုဏာ ဆန်ဆန် အပြုံးတွေက
နင်ခံရတဲ့ လောကဓံ ကြီးကို
သီးခံပြီးနေနိုင်ကြောင်း
မီးမောင်းထိုးပြနေတာထက်
ပိုပြီးတော့ နက်နဲတယ် ။

ကောင်မ လေး.........
တစ်ခါတစ်ခါ...........
အာဇာနည်မျက်လုံးတွေနဲ့
ဘာမထီ နင့်ရဲ့အပြုံးတွေက
လောကကြီးကို ဒူးမထောက်
ရဲရဲတောက်တဲ့ နင့်စိတ်ဓာတ်တွေထက်
ပိုပြိးတော့ နက်နဲတယ် ။

No comments:

Post a Comment