ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Friday, May 4, 2012

 မြစ်တစ်စင်းရဲ့စီးဆင်းခြင်း

လက်တွေ့ဘ၀ကိုငြင်းဆန်ဖို့
တစ်ခါပြန်ပြီး ငါသေချင်တယ် ။
အဆောင်အယောင်တွေ
ဘောင်တွေကြားမှာ
ဟန်ဆောင်မူတွေနဲ့ မွန်းကြပ်
အဆိပ်တက်နေတဲ့ ခံစားချက်တွေအတွက်
ထွက်ပေါက်တစ်ခု ငါလိုအပ်တယ် ။
မနက်ဖန်တွေကို ငါရင်ဆိုင်ဖို့
ငါ့သွေး ငါ့ချွေး ငါ့မျက်ရည်တွေ ပေးဆပ်လိုက်တယ် ။
ငါ့လှေကိုပဲ ငါထိုးမယ် 
တက်ကျိုးရင် လက်နဲ့ခတ်လို့
ရေဆန်ကိုပဲ ကူးဖြတ်မယ် ။

အနာဂတ်ကိုလဲ မမျှော်လိုတယ်
ပစ္စုပ္ပန်မှာ ငါစီးဆင်းရင်း
ဘ၀မိုးတွေ လင်းစေမယ် ။

No comments:

Post a Comment