ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Thursday, May 31, 2012

ပြည့်စုံခြင်းရဲ့...ကွက်လပ်များ

ဒီနေရာလေးမှာ...ရေပြာကန်လဲ ရှိလေရဲ့
ဒါပေမဲ့...ငါးကလေးတွေ မရှိတော့

 ဒီနေရာလေးမှာ...ခုံတန်းလေးတွေ ရှိလေရဲ့
ဒါပေမဲ့...စုံတွဲလေးတွေ မရှိတော့

ဒီနေရာလေးမှာ...ကောင်းကင်ပြာလဲ ရှိလေရဲ့
ဒါပေမဲ့...ငှက်ကလေးတွေ မရှိတော့

ဒီနေရာလေးမှာ...ထီးကလေးတွေ ရှိလေရဲ့
ဒါပေမဲ့...ခိုနားမဲ့သူ မရှိတော့

ဒီနေရာလေးမှာ...ပန်းရနံ့တွေ သင်းလေရဲ့
ဒါပေမဲ့...လိပ်ပြာကလေးတွေ မရှိတော့

ဒီနေရာလေးမှာ...မြက်ခင်းစိမ်းလေး ရှိလေရဲ့
ဒါပေမဲ့... အိပ်စက်နားသူ မရှိတော့

ဒီနေရာလေးမှာ...အဖော်ကွဲသူတို့ ရှိလေရဲ့
ဒါပေမဲ့...မျှော်လင့်သူတို့ ရောက်မလာတော့

ဒီနေရာလေးမှာ..ကာရန်လေးတွေ ရှိလေရဲ့
ဒါပေမဲ့...ကဗျာစပ်သူ မရှိတော့ ။


No comments:

Post a Comment