ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Tuesday, December 25, 2012

အငတ်ကောင်

ကြောတစ်နေရာ ၀မ်းတစ်ထွာတွက်
လူတိုင်းကို ပက်လက်ကြည့်
ရက်စက်ဘိ ငါ့ကြမ္မာ။

ရင်နာစရာတွေသာ ပြည့်လို့ကြပ်
လက်တစ်ဖက်က ငတ်မွတ်ခြင်း
လက်တစ်ဖက်က ဆာလောင်ခြင်း
ရိုးရှင်းစွာ ငါတောင်းတ
ဆာလောင်လှ ချစ်မေတ္တာ ။

နွေးထွေးမူ အကြင်နာ
ဘယ်ကမ္ဘာ ခရီးထွက်
ငါလေ…..
အသက်ရူခွင့်ရတဲ့ နေရက်တွေမှာ
အထီးကျန်လက်တစ်ဖက်နဲ့
လက်ယက်လို့ ဖိတ်ခေါ်ချင် ။

ကြင်လိုကြင် ပစ်လိုပစ်
ခဏဖြစ်ဖြစ် ၀င်ခဲ့နော် ။

No comments:

Post a Comment