ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Sunday, May 13, 2012

ရပိုင်ခွင့်နဲ့ ကြေနပ်ခြင်း

အပေါက်အပြဲ
ချုပ်ရိုးကွဲ ပုဆိုးတစ်ကွင်းနဲ့
အရောင်အဆင်း မရှိတဲ့ အင်္ကျီလေး
ကိုယ့်ဟာကို ဖာထေးလို့
ကိုယ့်ဂျေးကို ကိုယ်ချွက်
သပ်သပ် ရပ်ရပ် ငါဝတ်မယ်။
(အရှက်လုံရုံ သန်ပြန့်ရုံပေါ့)
သွေးမထွက်လို့
ဈေးကွက်မှာ မျက်နှာငယ်တဲ့
အသီးအရွက်တွေကို ငါချက်ပြုတ်
ခန္ဓာကိုယ် အကောင်ပုပ်ကို
ငါလုပ်ကျွေးမယ်။
(အသက်လဲရှည် ကျန်းမာပြီပေါ့)
စမ်းချောင်ကန်းဘား ပေါ်က
မီးမှိန်မှိန်လေး ကလေးနဲ့
ငါ့ရဲ့ဝါးဓနိအိမ်ကလေးမှာ
 ငှက်ကျေးသံတေးဂီတနဲ့
ဘ၀အမောတွေငါဖြေမယ်။
( အိပ်မောကျရင်  အားဖြည့်ရင်းပေါ့)









No comments:

Post a Comment