ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Sunday, May 13, 2012

လ မရှိတဲ့ ညရူခင်း

အောင်သွယ်တော် လမင်းပျောက်တဲ့ ၊

ကြယ်ကလေးတွေတောက်တဲ့ည

တိမ်ကလေးတွေက က လို့ခုန်

ကောင်းကင်ဘုံက မီးပုံပွဲ

ချစ်သူရေ အတူနွဲရအောင်

မင်းလဲ--

လသာဆောင်ကို ထွက်ခဲ့ကွယ်။

ဟော!ကြည့်စမ်း! ကြည့်စမ်း!!!

တိမ်ကလေးတွေက ကြယ်ကိုနမ်းတော့ ၊

မျက်ခမ်းကလေး တလှုပ်လှုပ်နဲ့၊

"သွား တိမ်စုတ်ကလေး'' တဲ့၊

မှိတ်တုတ် မှိတ်တုတ်အပြုံးကလေးနဲ့၊

စိတ်လုပ်နေတာ ချစ်စရာလေးနော်။

အော် သက်ထားရေ---

ဟော ဟိုဘက်ကို ကြည့်ပါအုံးလား၊

သစ်ပင်အို  ကိုင်း အဖျားမှာ

"သူများကို အားကျမိတယ်-

အချစ်ကလေးရယ်''တေးသီချင်းနဲ့၊

သင်းကွဲငှက်ရဲ့ ချစ်ဒုက္ခ၊

မင်းလဲပဲ မြင်ရမှာပေါ့၊

(လ မလင်းလေတဲ့၊ညခင်းလေးရဲ့ ရူခင်းမှာ)

No comments:

Post a Comment