နင်ငါ့ကို မချစ်ပါနဲ့
အချစ်ဆိုတာပိုင်ဆိုင်ခြင်းနဲ့ အဆုံးသတ်
ရယူခြင်းလို့ နင်သတ်မှတ်ရင်
နင်ငါ့ကို မချစ်ပါနဲ့
နင်ထင်သလို မဖြစ်မှာစိုး
နင်နာကျင်မှာ ငါစိုးတယ် ။
အချစ်ဆိုတာ.....
လှပတဲ့ ပန်တစ်ပွင့်
ဂုဏ်တင့်လို့ပင်မြင့်စံ
ချိုးယူဖို့နင်မကြံပါနဲ့
ကံကြမ္မာခြေမခိုင်လို့
မြေစိုင်ပေါ် နွမ်းကြွေကြရင်
လွမ်းနေရမဲ့ အဖြစ်မျိုး
နင်တိုးမှာကို ငါစိုးတယ် ။
No comments:
Post a Comment