သမိုင်းဆက်အမွေနှစ်မို့
မသုံးရက်လို့ အမေဖွက်
မင်းတို့ကတော့ ခိုးဝှက်ကြ
ကျောက်ခဲလေးမ မချန်ခြင် ၊
ကုန်ပြန်လျှင် တမျိုးကြံ
လည်လှန်လှီးဖို့ နင်တို့လုပ်
ဆည်တွေတုတ်လို့ ငါ့ကိုနှင်
သောင်ပြင်တွေနဲ့ ငါ့ကိုဖို့
နင်တို့ဖို့ပဲ နင်တို့ကြည့်
ကျေးဇူးမသိတဲ့ နင်တို့ကို
အမေအို အပြစ်မဆိုပါဘူး
အရူးကလေးတွေ မွေးမိတဲ့
အမေဘ၀ရဲ့အဖြစ်ဆိုး
အမေပဲ တိုးပါရစေတော့။
No comments:
Post a Comment