ချစ်သူများနေ့
ဘယ်သူတွေ ဘယ်လိုမွေ့ပေမဲ့
သည်လူမယ် လွမ်းငွေ့သမ်းပါရ
နွမ်းခွေလျ တငိုင်ငိုင် ။
အချစ်ကံ ယိမ်းယိုင်နဲသူမို့
စိမ်းနိုင်သူပေါပါရ
မောပါလှ ရင်အခိုင်။
ကြင်နိုင်သူဘယ်လို ရှားပေမဲ့
များသူငါ ကြင်တာတွေ့ရင်
ငါလဲလေ ပျော်ရွင်မွေ့
လွမ်းငွေ့တွေလှိုင်။
No comments:
Post a Comment