ညီမလေးရေ
တခါတလေ
ရယ်မောစရာတွေ ကိုယ်ပြောမိရင်
ပါးချိုင့်လေးပေါ်ရုံ ပြုံးပါကွယ် ။
ဟားတိုက်လို့ မရည်လိုက်ပါနဲ့
ညီမလေး....မောဟိုက်သွားမှာ စိုးလို့ပါ ။
ညီမလေးရေ
တခါတလေ
သောကတွေ မွှေကာနှောက်ရင်လဲ
ကြောက်လန့်လို့ မငိုကြွေးပါနဲ့
ချိုတေးသီ တေးအလှတွေနဲ့
ညီမလေးကို နှစ်သိမ့်မယ် ။
တကယ်လားတဲ့ကွယ်-----
တကယ်လားလို့ မမေးပါနဲ့
မုသားတွေကို သစ္စာဖောက်ဖို့
ကိုယ်တကယ်မကြောက်တော့ပါဘူး
နောက်မှာ..................
ညီမလေး ရှိနေခဲ့ပြီပဲ ။
(ဝေးတမြေမှ ညီမလေးအတွက်သာ )
No comments:
Post a Comment