အမေရဲ့..............
ပိတုန်းရောင် ကေသာတွေကြားမှာ
ခစားနေကြတဲ့ ပန်းကလေးတွေဟာ
အမေ့ရဲ့ အလှတရားတွေနဲ့
အမေ့ရဲ့ သဘောတရား တွေကို
ဖော်ကြူးထားသလိုပါပဲ အမေ ရယ်......
အမေ့ရဲ့.................
စွန်ရဲ မျက်လုံးတွေနဲ့
ခြသေ့်မင်းလို အပြုံးတွေက
မြင်ရသူတွေ ကြက်သီးထလို့
ကျွန်တော်တို့မှာခွန်အားတိုး
အမေဟာ............
ကျွန်တော်တို့ရဲ့ တန်ခိုးရှင် ပါပဲ။
No comments:
Post a Comment