ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Saturday, April 14, 2012

အပယ်ခံလူသား

မဖြစ်နိုင်ဘူး
မချစ်နိုင်ဘူး   ဆိုတဲ့စကားတွေကြားမှာ
ငါ့ဘ၀ဟာ လုံးပါးပါး
အရှုံးသမားပဲ ဖြစ်ခဲ့တယ်။

အသက်အရွယ်နဲ့ ဂုဏ်ဒြပ်တွေက
နံရံကြီးတစ်ချပ်လို ကာဆီးထားပြီပဲ
အမှတ်တမဲ့ ပွင့်ထွက်သွားတဲ့
နှလုံးသားရဲ့ တံခါးတစ်ချပ်ကို
အသာကလေးဂျက်ပြန်ချ
ငါ့ဘ၀ဟာ မင်းအတွက်တော့
အပယ်ခံသက်သက်ပါပဲကွယ်...။

No comments:

Post a Comment