ဘုံတကွေ့မှာ
ဆုံတွေ့တာမကြာသေးပေမဲ့
သခင်မရဲ့နာမည်လေးကို
ကြားရပြီဆိုကတဲက
ရင်ထဲမှာတပြုတ်ပြုတ်
ငလျင်လှုပ်သလိုပါပဲကွယ် ။
မျက်ဝမ်းထဲမှာလဲ
သခင်မကလွဲရင်
ဘာကိုမ မြင်ချင်တော့ပါဘူး
သခင်မကိုပဲ ဖူးချင်တယ် ။
ဘယ်ကိုပဲ ကြည့်ကြည့်
ဘာကိုပဲ ထိထိ
ကျွန်တော့်ရဲ့အကြည့်
ကျွန်တော့်ရဲ့အသိတရားတွေ ကြားမှာ
မဖုရားရဲ့ပုံရိပ်လှိုင်းတွေနဲ့
နက်ရှိုင်းတဲ့ မေတ္တာရားတွေက
နှလုံးသားကို လှုပ်ခါနှိုး
သံယောဇဉ်ဆိုတဲ့ ကြိုးတွေက
ကျွန်တော်မျိုးကို ရစ်ခါပတ်တော့
အချစ်ဓာတ်တွေက နိုးခဲ့တယ် ။
ကျွန်တော်မျိုးရဲ့ခံစားချက်တွေဟာ
သခင်မ အတွက်
ပျော်တော်ဆက် ပုံပြင်တွေလို
စိတ်ဘ၀င် မကြည်လင်ခဲ့ရင်
တစပြင် ခေါ်ကာထုတ်
သေမိန့်ထုတ်လို့သတ်လိုက်ပါ ။
ချော်ရည်တွေ ယိုစီးနေတဲ့
အချစ်ဆိုတဲ့ မီးတောင်ကြီးကတော့
မြည်ဟီးလို့ပေါက်ကွဲသွားပါပြီ ။
သခင်မ...သို့ (၂)
စကားလုံတွေနဲ့ နိဒါန်းပျိုး
သံယောဇဉ်ဆိုတဲ့ ကြိုးတွေငြိ
တစ်ယောက်ကိုတစ်ယောက် မသိကြပေမဲ့
ရင်ထဲကိုတော့ ထိသွားတယ် ။
သခင်မရဲ့
လွှမ်းမိုးမူဓာတ်တွေပါတဲ့
ကြည်လင်ပြတ်သားတဲ့ အသံတွေကြားမှာ
ဟုတ်ကဲ့ပါ ခင်ဗျားဆိုတဲ့
စကားတစ်လုံးကလွဲရင်
ဘာမပင် ပြောရဲခဲ့ပါဘူး
ရင်ထဲကိုတော့ဆူး သွားတယ် ။
သခင်မရဲ့
ဆေးဆိုးပန်းရိုက် ကင်းတဲ့
ရိုးရှင်းတဲ့အလှတရားကို
ရူ့စားခွင့် ရပြန်တော့လဲ
အသဲနှလုံးကို ရှော့ရိုက်လိုက်သလို
မိုက်ကနဲ ဖြစ်သွားခဲ့တယ် ။
ကဲတယ်ပဲ ဆိုဆို
ပိုတယ်ပဲ ပြောပြော
ကိုယ့်သောက ကိုယ်သာသိ
သခင်မ မရှိရင် မနေတတ်ပါဘူး
အရူးလို့ခေါ်ချင်ခေါ် ။
ဘယ်အတွက်ရယ်များ
အရိပ်လို တွယ်ငြိးသွားတာလဲ
မသဲကွဲတဲ့ အတွေးတွေနဲ့
မှေးကနဲ အိပ်ပျော်သွားရာမှ
ထိတ်ကနဲ လန့်ကာနိုး
ယောင်ရမ်းကာတိုးတိုးလေး ခေါ်မိတာက
သခင်မ !သခင်မ! တဲ့ကွယ် ။
သခင်မ...သို့ (၃ )
သခင်မရဲ့အသံကို
နာခံမှတ်သားပြီးတဲ့နောက်
ကျွန်တော်မျိုးမှာ တစ်ယောက်ထဲ
စကားတွေလဲ ပြောတတ်လာတယ် ။
ရွက်ခြောက်ကြွေသံတွေကို
ကြားရပြန်တော့လဲ
သခင်မပဲဆိုတဲ့ အသိနဲ့
လှည့်ကြည့်မိတယ် ။
ရေကန်ထဲက
လရိပ်ကလေးကိုလဲ
သခင်မ အိပ်နေတယ်ထင်လို့
တိတ်တိတ်နေကြလို့
ငါးကလေးတွေကို
မှာခဲ့သေးတယ် ။
ဟိုသစ်ပင်ကြီးပေါ်က
သီချင်းငြီးနေတဲ့ ငှက်ကလေးဟာ
သခင်မ ပါနော် ။
လေအတိုးမှာ
ယိမ်းထိုးနေတဲ့ သစ်ခက်တွေဟာ
သခင်မ လက်ယက်ခေါ်နေတာလား ။
အာရုံတွေ ထွေပြားနေတာ မဟုတ်ပါဘူး
နှလုံးသားမှာသခင်မရှိနေသမျှ
သခင်မကို မြင်နေရဦးမှာပါလေ ။
No comments:
Post a Comment