ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Wednesday, March 28, 2012

(မချစ်တတ်သော ဖေဖေ၏) အချစ်ငတ်သော မေမေသို့

အမေဆိုတာ
အသက်မပါတဲ့ ပန်းပုရုပ်
ကျောက်ရုပ်ကြီးမ မဟုတ်တာ ။

အမေဆိုတာ
အသက်သွေးနဲ့ သူရှင်သန်
လောကဓံကြီးနဲ့ နှစ်ပါးသွား
အမေ့မှာလဲ နှစ်လုံးသားတွေနဲ့မို့
မျက်ရည်စို့လို့အမေငို
အလွမ်းပိုလို့ အမေတ
အချစ်နဲ့ ဘ၀ကိုသရုပ်ခွဲ
ချစ်တေးတွေလဲ အမေဆိုပါ
အမေငိုတာ မကြည့်ရက်ပါဘူး
အမေ့ကျေးဇူးကို ဖန်ဖန်တ
အမေ့ဘ၀ကို ပျော်စေချင်
ပျော်မယ်ထင်တာအမေလုပ်
ကျွန်တော်ကတော့......
ဒူတုပ်လျှက်လက်ကိုမိုး
ရှိခိုးလျှက်ပါအမေ ရယ် ။

No comments:

Post a Comment