နွေအပူ ဘယ်လိုဟပ်ပေမဲ့
ဗွေမယူ သီးခံတက်တာက
အနာဂတ်ဆိုတဲ့ မိုးကောင်းကင် ။
မိုးတိမ်တောင်ညစ်တွေနဲ့
ညှိုးမှိန်အောင် ရစ်ကာဖုံးသော်လဲ
မေတ္တာတော်သုဉ်းမပျက်
ပြူံးလျှက်ကြည်ရွှင် ။
မှုန်ပြာရီ မြူခိုးတွေနဲ့
ဆုံကာညီ ခြုံကာလွှမ်းသော်လည်း
တုန်ချမ်းကာစိတ်မပျက်
ဇွဲထက်တဲ့ မိုးကောင်းကင် ။
ရာသီခွင် ဘယ်လိုပြောင်းပေမဲ့
ပြာကြည်ရွှင် ရုပ်သွင်ဆောင်းပါလို့
သူ့ပေါင်းဖော် ကြယ်တစ်သင်းနဲ့
လောကကို အလင်းပေး
သတင်းမွှေးတဲ့ မိုးကောင်ကင် ။
လောက၀န်တွေ သူသယ်ပိုး
ဘယ်လူမျိုး ဘယ်ဇာတ်ရယ်လို့
ချန်လပ်ကာ သူမထားပါဘူး
လူသားတွေရွှင်ပျော်မြူးရင်ပဲ
သူ့ရင်ထဲမှာပီတိဖုံး
အပြာရောင်မျက်လုံးကြီးတွေနဲ့
ပြုံးပြုံးကြီး ကြည့်နေတတ်တာက
မြင့်မြတ်တဲ့ အနာဂတ်တွေကို
ပေးဆပ်နေတဲ့ မိုးကောင်းကင် ။
ိ
No comments:
Post a Comment