အနေခက်လို့ ရတက်ပွေအောင်
တနေထွက်ရင် တစ်ရွက်ခြွေတာလား
ရက်တွေများရင် ခက်ချေရဲ့
ရွက်ကြွေကြားမှာ မလွမ်းချင်ဘူးကွယ် ။
အရင်လိုပွင့်ဖူးတွေနဲ့
ကြည်နူးဖွယ်အရိပ်မဲ့လို့
တိတ်တိတ်ကလေး စွန့်ခွါပြေး
ကိုယ့်ဝဋ်ကြွေးလို့မှတ်ပါ့မ ယ် ။
အပူတွေဘယ်လိုဖုံးပေမဲ့
ချစ်သူရှေ့မှာ ပြုံးပြမယ် ၊
အမုန်းခံဘ၀မို့မျက်ရည်လည်
ချစ်သူရယ်အပြစ်မတင်ရက်ပါဘူး
လေရူးတွေပွေကာမြူးတဲ့
နွေဦးကိုပဲကိုမုန်းတယ် ။...
တနေထွက်ရင် တစ်ရွက်ခြွေတာလား
ရက်တွေများရင် ခက်ချေရဲ့
ရွက်ကြွေကြားမှာ မလွမ်းချင်ဘူးကွယ် ။
အရင်လိုပွင့်ဖူးတွေနဲ့
ကြည်နူးဖွယ်အရိပ်မဲ့လို့
တိတ်တိတ်ကလေး စွန့်ခွါပြေး
ကိုယ့်ဝဋ်ကြွေးလို့မှတ်ပါ့မ
အပူတွေဘယ်လိုဖုံးပေမဲ့
ချစ်သူရှေ့မှာ ပြုံးပြမယ် ၊
အမုန်းခံဘ၀မို့မျက်ရည်လည်
ချစ်သူရယ်အပြစ်မတင်ရက်ပါဘူး
လေရူးတွေပွေကာမြူးတဲ့
နွေဦးကိုပဲကိုမုန်းတယ် ။...
No comments:
Post a Comment