ကိုကိုမမ ဘော်ဘော်တို.ရေအရောင်ကြိုက်တဲ.အရောင်နဲ.ရွှေူးကြည်.ပါနော်

Wednesday, March 28, 2012

ဓနမဲ့ ချစ်ခြင်း

မွဲတေပြာလေလွင့်သူကို
စွဲနေတာ ကြာလင့်ပြီလို့
ရွေဝါတင့်ပျိုညာမယ်
ခါခါဆင့် ဆိုလာတယ်။
ဟုတ်ရဲ့လားကွယ် ။
တကယ်ကို
ဆန်ကွဲကျို ရေဖျော်သောက်ပါလို့
ငမွဲအို သည်လူနောက်ကို
အစွဲပို သူလိုက်ရဲပေမဲ့
မိုက်မဲစွာ မခေါ်ရက်ပါဘူး
ဆင်းရဲတွေ ခင့်ကိုကူးရင်
မောင်ပဲအရင်ရူးလိမ့်မယ်။

No comments:

Post a Comment